စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကြိုဆိုပါတယ်

ဤကျောင်းသည် ဦးဝင်းနိုင် (B.Sc (Maths))မှ ဦးစီးတည်ထောင်ခြင်းဖြစ်ပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ဘာသာရပ်များကိုလည်း အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ အစိုးရသင်ရိုးညွှန်းတန်းနှင့်အညီ သင်ကြားပို့ချပေးနေပါသည်။

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ အားသာချက်များမှာ ကျယ်ဝန်းသောစာသင်ခန်းများ၊ ကစားကွင်းများ၊ အပန်းဖြေဥယျာဉ်နှင့်စုံလင်သောသင်ထောက်ကူပစ္စည်းတို့ကိုလည်း ပံ့ပိုးပေးထားခြင်း၊ ကလေးငယ်များအား ကျောင်းစာအပြင် ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက် အဓိကထား သင်ကြားပို့ချပေးလျက်ရှိခြင်း၊ ကလေးငယ်များအတွက် နေ့စဉ်ဘဝတွင် ကြုံတွေ့လာရမည့် ပြဿနာများကို မိမိကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်များမြင့်တက်လာစေရန် အဓိကထား သင်ကြားပို့ချပေးလျက်ရှိခြင်း တို့ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန်

"ညံ့သူကိုချန်မထား တော်သူကို ပိုထူးချွန်စေရမည်"

စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း

သင်ကြားပို့ချပေးသော အတန်းများ

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ဘာသာရပ်များကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ အစိုးရသင်ရိုးညွှန်းတန်းများနှင့်အညီ သင်ကြားပို့ချပေးနေပါသည်။

မူလတန်း

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ မူလတန်းတွင် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း နှင့် စတုတ္ထတန်းတို့ပါဝင်ပါသည်။
သင်ကြားပို့ချပေးနေသော သင်ရိုးညွှန်းတမ်းများမှာ မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားခြင်း ဖြစ်ပါသည်။

အလယ်တန်း

စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း၏ အလယ်တန်းတွင် ပဉ္စမတန်း၊ ဆဌမတန်း၊ သတ္တမတန်းနှင့် အဌမတန်းတို့ ပါဝင်ပါသည်။ သင်ကြားပို့ချပေးနေသော သင်ရိုးညွှန်းတမ်းများမှာ မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားခြင်း ဖြစ်ပါသည်။

အထက်တန်း

စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း၏ အထက်တန်းတွင် နဝမတန်းနှင့် ဒသမတန်း တို့ ပါဝင်ပါသည်။ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းတွင် အဓိက သင်ယူမှု အုပ်စု (၂)ခု ပါဝင်ပါသည်။(၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာရပ်အုပ်စုနှင့် (၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်အုပ်စု တို့ဖြစ်ပါသည်။

ပံ့ပိုးမှုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ မိမိတို့၏ ကျောင်းသူ၊ ကျောင်းသားများအတွက် အမြဲတမ်း လိုအပ်ချက်မရှိရအောင် ဂရုစိုက်ပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။

  • အနုပညာ သင်တန်းများ

  • အားကစား သင်တန်းများ

  • ပန်းချီ သင်တန်းများ

  • သိပ္ပံပညာရပ်အသုံးချသင်တန်း

  • လေ့လာရေးခရီးထွက်ခြင်း

  • နွေရာသီအထူးသင်တန်းများ

အသေးစိတ်ဖတ်ရှုရန်

စံဟိန်းမှ နှုတ်ခွန်းဆက်စကားများ

စံဟိန်း၏ ပူးပေါင်းဆောင်ရွက်မှုများ

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ လတ်တလော ပူးပေါင်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စံဟိန်း၏ လှုပ်ရှားမှုသတင်းများ

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ နောက်ဆုံးရ လှုပ်ရှားမှုသတင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

21 Apr

KG+ 5,4,3 သင်ရိုးသစ်

KG+ 5,4,3 သင်ရိုးသစ်ဖြင့် ပညာသင်နှစ်အလိုက် ပြောင်းလဲသင်ရမည့် အတန်းများနှင့် သင်ရိုးဟောင်းအတန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

20 Apr

အောင်စာရင်းထုတ်ပြန်ခြင်း

၂၁-၄-၂၀၁၉ရက် တနင်္ဂနွေနေ့ နံနက် ၆:ဝဝနာရီတွင် ၄၁လမ်း၊၈၃လမ်းနှင့်၈၄လမ်းကြားရှိ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းရုံးခန်းရှေ့၌ (၁ဝတန်းမပါ) ကျန်အတန်းများအားလုံး အောင်စာရင်း ထုတ်ပြန်ပေးပါမည်။

18 Apr

နှစ်သစ်ကူး ဆုမွန်စကား

မင်္ဂလာပါ…
နှစ်ဟောင်းကုန်လို့နှစ်သစ်သို့ ကူးပြောင်းတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းကို တက်ရောက်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူများ၊တက်ရောက်စဲကျောင်းသားကျောင်းသူများ၊ ကျောင်းသားကျောင်းသူတို့၏မိသားစုဝင်များနှင့် ရဲဘော်ရဲဘက်အပေါင်းတို့ ပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဆက်သွယ်ရန်

သိလိုသည်များကို မေးမြန်းစုံစမ်းနိုင်ပါသည်။

၄၁ လမ်း၊ ၈၃ x ၈၄ ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့

Phone: 09-2060636, 09-2201637