စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ပံ့ပိုးပေးထားသောပစ္စည်းများနှင့် ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ အထူးဝန်ဆောင်မှုများ

အနုပညာသင်တန်းများ

လူငယ်များ စိတ်ပျော်ရွှင်မှုရရှိစေရန်နှင့် စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်ပြီး ဂစ်တာ၊ ပီယာနို၊ ပုလွေ၊ ပတ္တလား၊ အဆို၊ အက၊ ပန်းချီ သင်တန်း စသောအနုပညာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အားကစားသင်တန်းများ

ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများအဖြစ် ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘောလုံး၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ အမျိုးသမီးဖူဆယ်၊ ဝူရှုး ကစားခြင်းတို့ကို ကျောင်းချိန်ပြင်ပတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ပန်းချီသင်တန်းများ

ပန်းချီသင်တန်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းမှ ပန်းချီဝါသနာပါသူ ကျောင်းသား၊ ကျောင်းသူများအတွက် ပန်းချီဆရာများဖြင့် အားလပ်ချိန်များတွင် သင်ကြားပို့ချပေးခြင်း၊ ပြိုင်ပွဲများကျင်းပပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

လေ့လာရေးခရီးထွက်ခြင်း

ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံများ၊ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ လေ့လာရေးခရီးများကိုလည်း စနစ်တကျ စီမံပို့ဆောင်ပေးလျက်ရှိပါသည်။

သိပ္ပံပညာရပ်အသုံးချသင်တန်း

လူငယ်များ တီထွင်ဆန်းသစ်တတ်စေရန် ရည်ရွယ်ပြီး သိပ္ပံပညာကို အသုံးပြု၍ အဆောက်အဦးပုံ၊ စက်ရုပ်ပုံ၊ တံတားပုံ၊ လေယာဉ်ပျံပုံ အစရှိသည့် ပုံစံမျိုးစုံဖန်တီးတည်ဆောက်တတ်စေရန်လည်း သင်ကြားပေးရန် စီမံထားရှိပါသည်။

နွေရာသီအထူးသင်တန်းများ

နွေရာသီအထူးသင်တန်းများအနေဖြင့် ရေကူးသင်တန်း၊ ကရာတေးသင်တန်း၊ ချည်ထိုးပန်းထိုးသင်တန်း၊ မြန်မာမုန့်လုပ်နည်းသင်တန်း၊ အိမ်တွင်းမှုသင်တန်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးရန် စီမံထားရှိပါသည်။