မင်္ဂလာပါ…
နှစ်ဟောင်းကုန်လို့နှစ်သစ်သို့ ကူးပြောင်းတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းကို တက်ရောက်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူများ၊တက်ရောက်စဲကျောင်းသားကျောင်းသူများ၊ ကျောင်းသားကျောင်းသူတို့၏မိသားစုဝင်များနှင့် ရဲဘော်ရဲဘက်အပေါင်းတို့ ပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ရှေးဦးစွာ စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့် ကျောင်းသို့တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ကျောင်းသူများအားလုံးနှင့် မေလဆန်းမှစတင်တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူအားလုံးကိုလည်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါသည်။
နှစ်စဉ်နှစ်တိုင်း ယုံကြည်မှုများစွာ၊မျှော်လင့်ချက်များစွာဖြင့် စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းသို့ တခဲနက်လာရောက်အပ်နှံကြသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါသည်။အစီအစဉ်အသစ်တစ်ခုဖြစ်သော လပေးစနစ်ကိုလည်း စတင်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ထို့အပြင် KG မှGrade 12 အထိတက်ရောက်မည့်သူများအတွက်သော်လည်းကောင်း၊Grade 6 မှ Grade 12 အထိတက်ရောက်မည့်သူများအတွက်သော်လည်းကောင်း၊Grade 9 မှ Grade 12 အထိတက်ရောက်မည့်သူများအတွက်သော်လည်းကောင်း ပညာသင်စရိတ်ထောက်ပံ့သူများအတွက်လည်းပိုမို၍အဆင်ပြေစေရန်နှင့် ကျောင်းသား၊ကျောင်းသူများအတွက်လည်း ပညာပြည့်ဝနှလုံးလှစေမည့်အစီအစဉ်အသစ်များ စီစဉ်ဆောင်ရွက်လျက် ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းသည် ယုံကြည်စွာ အပ်နှံကြသော မိဘများစိတ်ကျေနပ်မှုရရှိစေရန်နှင့် ကျောင်းသား၊ကျောင်းသူများလည်း မိမိတို့ရည်မှန်းထားသည့်အတိုင်း ပြည့်ဝစေရန်အတွက် အကောင်းဆုံးသောကြိုးစားမှုများဖြင့် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
ကျွန်တော်တို့ လေးစားအပ်ပါသောမိဘများအားလုံး၊ တန်ဖိုးထားပြီးချစ်ရပါသော ကျောင်းသားကျောင်းသူများအားလုံး၊ ယုံကြည်အားကိုးရပါသော ရဲဘော်ရဲဘက်အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ အခြေခံပညာရေးနယ်ပယ်တွင် ဘက်စုံ အောင်မြင်မှုများရရှိလျှက်ရှိသော ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်နိုင်အောင် အစဉ်အမြဲယုံကြည်ပေးကြ၊ကြိုးစားပေးကြသည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
ဝင်းနိုင်
တည်ထောင်အုပ်ချူပ်သူ
စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။