စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ မူလတန်းတွင် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း နှင့် စတုတ္ထတန်းတို့ပါဝင်ပါသည်။
သင်ကြားပို့ချပေးနေသော သင်ရိုးညွှန်းတမ်းများမှာ မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားခြင်း ဖြစ်ပါသည်။

သူငယ်တန်းတွင် သင်ကြားပို့ချနေသော ဘာသာရပ်များမှာ
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) သင်္ချာ ဘာသာရပ်များဖြစ်ပါသည်။

ဒုတိယတန်းတွင် သင်ကြားပို့ချနေသော ဘာသာရပ်များမှာ
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) သင်္ချာ ဘာသာရပ်များဖြစ်ပါသည်။

တတိယတန်းတွင် သင်ကြားပို့ချနေသော ဘာသာရပ်များမှာ
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) သင်္ချာ ဘာသာရပ်များဖြစ်ပါသည်။

စတုတ္ထတန်းတွင် သင်ကြားပို့ချနေသော ဘာသာရပ်များမှာ
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) သင်္ချာ
(၄) သိပ္ပံ ဘာသာရပ်များဖြစ်ပါသည်။

အစိုးရမှ ချမှတ်ထားသည့် ဘာသာရပ်များအပြင် စံဟိန်းမှ မူလတန်းတွင် ထပ်မံသင်ကြားပို့ချပေးသော ဘာသာရပ်များမှာ
(၁) ပန်းချီဆွဲခြင်း
(၂) အတွေးအခေါ်ပါသော ဂိမ်းများ ကစားခြင်း
(၃) ဘာသာရေး ဆိုင်ရာ ဗဟုသုတများ သင်ကြားပို့ချခြင်း
(၄) အသင်းအဖွဲ့ အလိုက် တီထွင်ဆန်းသစ်မှုများ ပြုလုပ်ခြင်း စသည်တို့ ဖြစ်ပါသည်။

မူလတန်းများတွင် သင်ကြားပို့ချပေးနေသော ဆရာ၊ ဆရာမ များမှာ သင်ကြားရေး နှင့် သက်ဆိုင်သည့် ပညာရပ်များတွင် အရည်အချင်း ပြည့်ဝ သူများဖြစ်ကြပါသည်။ ထို့အပြင် ဆရာ၊ ဆရာမ များသည် စာသင်ကြားရာတွင် စိတ်ရှည်မှု အပြည့်ရှိခြင်း၊ ပညာရပ်တွင် ကျွမ်းကျင်ခြင်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာ မြင့်မားခြင်း၊ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တို့၏ သဘာဝကို သိကျွမ်းခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြပါသည်။