စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း၏ အလယ်တန်းတွင် ပဉ္စမတန်း၊ ဆဌမတန်း၊ သတ္တမတန်းနှင့် အဌမတန်းတို့ ပါဝင်ပါသည်။
သင်ကြားပို့ချပေးနေသော သင်ရိုးညွှန်းတမ်းများမှာ မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားခြင်း ဖြစ်ပါသည်။
အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းတွင် အဓိက သင်ယူမှု နယ်ပယ် (၁၁) ခု ပါဝင်ပါသည်။
အဓိက သင်ယူမှု နယ်ပယ်များမှာ –
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) သင်္ချာ
(၄) သိပ္ပံ
(၅) ပထဝီ
(၆) သမိုင်း
(၇) စာရိတ္တ နှင့် ပြည်သူ့နီတိ
(၈) ဘဝတွက်တာ ကျွမ်းကျင်စရာ
(၉) ကာယပညာ
(၁၀) အနုပညာ (ဂီတ နှင့် ပန်းချီ)
(၁၁) ဒေသဆိုင်ရာ သင်ရိုး (အလုပ်အကိုင်အခွင့်အလမ်း နှင့် တစ်ဦးချင်း အရည်အသွေး ဖွံ့ဖြိုးမှု) တို့ဖြစ်သည်။
စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်အတွက် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် နှစ်ခုမှ သင်ခန်းစာအချို့အား ဆက်စပ်သော သင်ရိုးဝင် ဘာသာရပ်များတွင်လည်း ထည့်သွင်းသင်ကြားမည်။
(၂၁) ရာစု ကျွမ်းကျင်မှုများကို သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပေါင်းစည်းထည့်သွင်း၍ ဖြစ်စေ အချို့ အကြောင်းအရာများကို သက်ဆိုင်ရာ သင်ယူမှုနယ်ပယ်ထဲသို့ သီးခြားအခန်းငယ်များအဖြစ် သတ်မှတ်၍ ဖြစ်စေ သင်ကြားပေးရန် စီစဉ်ထားပါသည်။
ဒေသဆိုင်ရာသင်ရိုးတွင်
- တိုင်းရင်းသားဘာသာစကားနှင့် ယှဉ်ကျေးမှု
- အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု
- အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှု
- သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ
- စိုက်ပျိုးရေး
- အိမ်တွင်းမှု ထိန်းသိမ်းရေး ပညာတတ်မြောက်မှု စသည်တို့ကို ဒေသအလိုက် လိုအပ်ချက်နှင့် အညီ သင်ကြားရန် လျာထားပါသည်။
အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍
- ရက်သတ္တပတ် (၃၆) ပတ်
- တစ်နှစ်သင်ကြားချိန် နာရီပေါင်း (၁၀၈၀) နာရီ
- တစ်ချိန်လျှင် (၄၅) မိနစ်
- တစ်နေ့ (၈) ချိန်
- တစ်နေ့ သင်ချိန် (၆) နာရီ သတ်မှတ်ထားသည်။