
ဤကျောင်းသည် စံဟိန်းပညာရေးမှ ဦးစီးတည်ထောင်ခြင်းဖြစ်ပြီး KG မှ ဒသမတန်းအထိ ဘာသာရပ်များကိုလည်း အတွေ့အကြုံရှိ ဆရာ/ဆရာမများမှ အစိုးရသင်ရိုးညွှန်းတန်းနှင့်အညီ သင်ကြားပို့ချပေးနေပါသည်။
စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်း၏ အားသာချက်များမှာ ကျယ်ဝန်းသောစာသင်ခန်း၊ ကစားကွင်းနှင့်စုံလင်သောသင်ထောက်ကူပစ္စည်းတို့ကိုလည်း ပံ့ပိုးပေးထားခြင်း၊ ကလေးငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတ၊ စာရိတ္တ နှင့် အသိဉာဏ်ပိုမိုရင့်သန်လာစေရန် အဓိကထား သင်ကြားပို့ချပေးလျက်ရှိခြင်း၊ ကလေးငယ်များအတွက် နေ့စဉ်ဘဝတွင် ကြုံတွေ့လာရမည့် ပြဿနာများကို မိမိကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်များမြင့်တက်လာစေရန် အဓိကထား သင်ကြားပို့ချပေးလျက်ရှိခြင်း တို့ဖြစ်ပါသည်။
အစိုးရသင်ရိုးညွှန်းတန်းဘာသာရပ်များအပြင် ထပ်မံသင်ကြားပေးနေသည့် ဘာသာရပ်များကတော့
?English
?ပန်းချီ (Art & Craft )
?Science
?ကွန်ပျူတာ
?အားကစား
?ပေါင်းသင်းဆက်ဆံခြင်းဆိုင်ရာ နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ တိုးတက်စေမည့် Project လုပ်ဆောင်ခြင်းများ နှင့်
?စာစီစာကုံး ရေးသားခြင်း ပိုင်းဆိုင်ရာ တိုးတက်စေမည့် လေ့ကျင့်ခန်းများ အစရှိသည့် ဘာသာရပ်များကိုပါ ထပ်ပေါင်းသင်ကြားပေးနေပါသည်။
စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်း၏ အများနှင့်မတူသောအဓိကအားသာချက်တရပ်မှာ ကျောင်းသား/သူများရဲ့နွေးထွေးလုံခြုံမှုဖြစ်ပါသည်။ မိဘအိမ်မှစထွက်ပြီး Ferry ပေါ်ရောက်ချိန်မှစ၍ စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမများက ကြီးကြပ်ခေါ်ယူလာပြီး ကျောင်းရောက်သည်နှင့် သက်ဆိုင်ရာဆရာ/မများမှ နွေးထွေးစွာကြိုဆိုကြပြီး အတန်းအသီးသီးသို့ ပို့ဆောင်ပေးပါသည်။ အတန်းထဲရောက်လျှင်လည်း ဆရာ/မအသီးသီးမှ သက်ဆိုင်ရာဘာသာရပ်များကိုသင်ကြားပေးရုံမက ကျောင်းသား/သူတဦးချင်းစီ၏ အားနည်းချက်၊ အားသာချက်များကိုသိရှိပြီး စားရေးသောက်ရေး၊ ကျန်းမာရေးမှအစ ဂရုစိုက်ပြုစုစောင့်ရှောက်ပေးလျှက်ရှိပါသည်။
ဤသို့အားဖြင့် စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းမှကလေးများသည်ကျန်းမာသောခန္ဓာကိုယ်၊ ကြံ့ခိုင်သောစိတ်ဓာတ်များဖြင့် ပျော်ရွှင်စွာပညာသင်ကြားလျှက်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။