“ညံ့သူကို ချန်မထား တော်သူကို ပိုထူးချွန်စေရမည်”

စံဟိန်း ကိုယ်ပိုင်အထက်တန်း​ကျောင်​း

စံဟိန်း၏ အစဉ်အလာ

  • စိတ်ဓာတ်ကောင်းမွန်ပြီး စည်းကမ်းကျနသည့် ပညာထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို စံဟိန်းပညာရေးက မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
  • ဒီမိုကရေစီယဉ်ကျေးမှုအစ ကျောင်းသားဘဝကို စံဟိန်းပညာရေးက ဖန်တီးပေးနိုင်ခဲ့ပါသည်။
  • သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါတင့်စေရန် စံဟိန်းပညာရေးက အစဉ်ကြိုးစားလျက်ရှိပါသည်။
  • ညံ့သူကို ချန်မထား ဟူသောမူဖြင့် အောင်မြင်မှု မရ ရအောင် ကြိုးကြိုးစားစားလုံ့လထား၍ သင်ကြားလေ့ကျင့်ပေးလျက် ရှိပါသည်။
  • စံဟိန်းသည် Standard (စံ) တစ်ခု ထာဝရ ထွန်းတောက် (ဟိန်း)စေရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက် ရှိပါသည်။

ကျောင်း၏ထူးခြားသော လုပ်ဆောင်ချက်များ

  • Computer Skill Room တွင် ၅ တန်းမှ ၉ တန်းထိ နေ့စဉ် အချိန်ပိုင်းအလိုက် ကွန်ပျူတာ အခြေခံ၊ Typing လက်ကွက်၊ ပုံဆွဲနည်းများ သင်ကြားပေးပါသည်။
  • အတန်းအားလုံး ဇွန်လတွင် စာမေးပွဲ၏အောင်ပြီး ရမှတ်ပေါ်မူတည်၍ တန်းခွဲများထားရှိ သင်ကြားပါသည်။
  • အလယ်တန်းဆင့်များအား အင်္ဂလိပ်စာ Text သာမက ပြင်ပစာအုပ်ဖြင့် 4 Skills (Reading, Writing, Listening, Speaking) ရရှိအောင် သင်ကြားပေးပါသည်။