စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ ကြိုဆိုနှုတ်ခွန်းဆက်စကားများ

ဦးဝင်းနိုင် (တည်ထောင်သူ)

ကြိုဆိုနှုတ်ခွန်းဆက်စကား

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းကို စတင်တည်ထောင်သူတစ်ယောက်အနေနဲ့ ကြိုဆိုနှုတ်ခွန်းဆက်စကားကို ဂုဏ်ယူစွာ ပြောပြချင်ပါတယ်ခင်ဗျ။

ကျွန်တော့်အနေနဲ့ လူငယ်တွေ အတွက် ပျော်ရွှင်မှုအပြည့်အ၀ရရှိရေး၊ လုံခြုံစိတ်ချတဲ့ပတ်ဝန်းကျင်ဖြစ်ရေး၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရရှိရေး၊ ပညာရေးအဆင့်အတန်း မြင့်မားရေး အစရှိသည်တို့ကို အလေးထားဆောင်ရွက်ပြီး ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

      ဒေါ်ဝင်းပပထွန်း (တွဲဖက်တည်ထောင်သူ)

ကြိုဆိုနှုတ်ခွန်းဆက်စကား

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ တွဲဖက်တည်ထောင်သူတစ်ယောက်အနေနဲ့ ကြိုဆိုနှုတ်ခွန်းဆက်စကားကို ဂုဏ်ယူစွာ ပြောပြချင်ပါတယ်ရှင့်။

ကျမတို့ကျောင်းရဲ့ အဓိကရည်မှန်းချက်တစ်ခုကတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာရေးမှာ ထူးချွန်ထက်မြက်ဖို့အတွက် အကူအညီပေးလိုခြင်းဖြစ်ပါတယ်။ ဒီလိုအကူအညီပေးတဲ့အခါမှာ ပညာရေးအပြင် လူမှုရေးနယ်ပယ်တွေမှာပါ ယုံကြည်မှုအပြည့်ရရှိဖို့ ၊ မိမိတို့ အရွယ်မှာလုပ်ဆောင်ရမယ့် တာဝန်များ မှန်ကန်စွာသိတတ်ဖို့ ၊ အတွေးအမြင်ကျယ်ပြန့်စေဖို့ စသည်တို့ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးသွားမှာဖြစ်ပါတယ်။