စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း

ဤကျောင်းသည် ဦးဝင်းနိုင် (B.Sc (Maths))မှ ဦးစီးတည်ထောင်ခြင်းဖြစ်ပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ဘာသာရပ်များကိုလည်း အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ အစိုးရသင်ရိုးညွှန်းတန်းနှင့်အညီ သင်ကြားပို့ချပေးနေပါသည်။

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၏ အားသာချက်များမှာ ကျယ်ဝန်းသောစာသင်ခန်းများ၊ ကစားကွင်းများ၊ အပန်းဖြေဥယျာဉ်နှင့်စုံလင်သောသင်ထောက်ကူပစ္စည်းတို့ကိုလည်း ပံ့ပိုးပေးထားခြင်း၊ ကလေးငယ်များအား ကျောင်းစာအပြင် ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက် အဓိကထား သင်ကြားပို့ချပေးလျက်ရှိခြင်း၊ ကလေးငယ်များအတွက် နေ့စဉ်ဘဝတွင် ကြုံတွေ့လာရမည့် ပြဿနာများကို မိမိကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်များမြင့်တက်လာစေရန် အဓိကထား သင်ကြားပို့ချပေးလျက်ရှိခြင်း တို့ဖြစ်ပါသည်။

အစိုးရသင်ရိုးညွှန်းတန်းဘာသာရပ်များအပြင် ထပ်မံသင်ကြားပေးနေသည့် ဘာသာရပ်များကတော့
?ပန်းချီ (Art & Craft )
?အနုပညာ
?ကွန်ပျူတာ
?အားကစား
?ပေါင်းသင်းဆက်ဆံခြင်းဆိုင်ရာ နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ တိုးတက်စေမည့် Project လုပ်ဆောင်ခြင်းများ နှင့်
?အင်္ဂလိပ်စာဘာသာရပ်နှင့် မြန်မာစာဘာသာရပ်တို့တွင် အရေးအသာပိုင်းဆိုင်ရာ တိုးတက်စေမည့် လေ့ကျင့်ခန်းများ အစရှိသည့် ဘာသာရပ်များကိုပါ ထပ်ပေါင်းသင်ကြားပေးနေပါသည်။

စံဟိန်း ကိုယ်ပိုင်အထက်တန်း​ကျောင်​း၏ အများနှင့်မတူ​သောအဓိကအားသာချက်​တရပ်မှာ ​ကျောင်​းသား၊ ကျောင်းသူများရဲ့​ နွေး​ထွေးလုံခြုံမှု ဖြစ်​ပါသည်​။ မိဘအိမ်​မှစထွက်​ပြီး Ferry ​ပေါ်​ရောက်​ချိန်​မှစ၍ စံဟိန်း ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ဆရာမများက ကြီးကြပ်​​ခေါ်ယူလာပြီး ​ကျောင်​း​ရောက်​သည်​နှင်​့ သက်ဆိုင်ရာဆရာ၊ ဆရာမများမှ ​နွေး​ထွေးစွာကြိုဆိုကြပြီး အတန်းအသီးသီးသို့ ပို့​ဆောင်​​ပေးပါသည်​။ အတန်​းထဲ​ရောက်​လျှင်​လည်​း ဆရာ၊ ဆရာမအသီးသီးမှ သက်​ဆိုင်​ရာဘာသာရပ်​များကို သင်​ကြား​ပေးရုံမက ​ကျောင်​းသား၊ ကျောင်းသူတ​ဦးချင်​းစီ၏ အားနည်​းချက်​၊ အားသာချက်​များကိုသိရှိပြီး စား​ရေး​သောက်​​ရေး၊ ကျန်​းမာ​ရေးမှအစ ဂရုစိုက်​ပြုစု​စောင်​့​ရှောက်​​ပေးလျှက်​ရှိပါသည်​။

ဤသို့အားဖြင်​့ စံဟိန်း ကိုယ်ပိုင်အထက်တန်း​ကျောင်​းမှက​လေးများသည်​ကျန်​းမာ​သောခန္ဓာကိုယ်​၊ ကြံ့ခိုင်​​သောစိတ်​ဓာတ်​များဖြင်​့ ​ပျော်​ရွှင်​စွာပညာသင်​ကြားလျှက်​ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။