စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ တွဲဖက်တည်ထောင်သူတစ်ယောက်အနေနဲ့ ကြိုဆိုနှုတ်ခွန်းဆက်စကားကို ဂုဏ်ယူစွာ ပြောပြချင်ပါတယ်ရှင့်။
ကျမတို့ကျောင်းရဲ့ အဓိကရည်မှန်းချက်တစ်ခုကတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာရေးမှာ ထူးချွန်ထက်မြက်ဖို့အတွက် အကူအညီပေးလိုခြင်းဖြစ်ပါတယ်။ ဒီလိုအကူအညီပေးတဲ့အခါမှာ ပညာရေးအပြင် လူမှုရေးနယ်ပယ်တွေမှာပါ ယုံကြည်မှုအပြည့်ရရှိဖို့ ၊ မိမိတို့ အရွယ်မှာလုပ်ဆောင်ရမယ့် တာဝန်များ မှန်ကန်စွာသိတတ်ဖို့ ၊ အတွေးအမြင်ကျယ်ပြန့်စေဖို့ စသည်တို့ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးသွားမှာဖြစ်ပါတယ်။

